”တိုလူမျိုးတွေဟာ လေနဲ့ဝမ်းကို သိပ်အရေးပေးတာတဲ့”
ကျောင်းတက်တုန်းက ဆရာတစ်ယောက်က အခုလိုပြောဖူးပါတယ်။ ဟုတ်ပါတယ်..ကျွန်မတို့တတွေဟာ ခေါင်းကိုက်ပြီး မအီမသာဖြစ်တာကအစ ဝက်ခြံထွက်တာအထိ ဝမ်းကို ဦးတည်ပြောတတ်ကြတယ်။ စကားပုံတောင်မှ ဝမ်းတလုံးကောင်းလျှင် ခေါင်းမခဲဟု အဆို ရှိထားတယ်မဟုတ်လား။ တကယ်လည်း လေနဲ့ ဝမ်း မကွဲတာဟာ ထိန်းရခက်တဲ့ အခြေအနေမျိုးဖြစ်သလို လေမလည်၊ ဝမ်းမသွားနိုင်တာကလည်း ကျွန်မတို့အတွက် အနေရ အထိုင်ရခက်တဲ့ ပြဿနာတစ်မျိုးပါပဲ။ ဝမ်းဗိုက်ကို အကြောင်း တည်ပြီး ရလာတဲ့ ဝေဒနာအမျိုးမျိုးမဟုတ်ပါလား။ အဲဒီဝမ်းဗိုက်ပြဿနာတွေထဲမှ ကျွန်မတို့ ကြုံတွေ့ရ အများဆုံးက ဝမ်းချုပ်တာပါပဲ။
အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို အသက်ရှင် နေထိုင်စဉ်ကာလတစ်လျှောက်မှာ ဝမ်းချုပ်ဖူးတာပါပဲ။ ဝမ်းချုပ်တာဟာ အစာခြေတဲ့အဖွဲ့အစည်းမှာ ဖြစ်တတ်တဲ့ အခြေအနေတခုပါ။ စားသောက်ပြီးတဲ့နောက်မှာ အစာတွေဟာ အစာခြေအင်္ဂါ အဖွဲ့အစည်း တစ်လျှောက် ရွှေ့လျားကြပါတယ်။ အဲ့ဒီအစားအသောက်ထဲမှာပါတဲ့ ရေတွေ၊ အာဟာရဓါတ်တွေကိုတော့ အူနံရံတွေက စုပ်ယူထားလိုက်ပါတယ်။ ပုံမှန်ဆိုရင်တော့ အဲ့ဒီဖြစ်စဉ်ဟာ မစင်တွေ ဖြစ်တဲ့အထိ ဆက်ဖြစ်နေပါတယ်။ အူနံရံြွကက်သားတွေရဲ့ ညှစ်အားနဲ့ပဲ အစာဟောင်းအိမ်ကို ဝင်ရောက်ပါတယ်။ ဒါပေမယ့် တခါတလေကျတော့ အူနံရံတွေကနေ ရေကို ပြန်စုပ်ယူတာ များသွားရင်တော့ စွန့်ပစ်ရမယ့် အစာဟောင်းတွေဟာ မာသွားပြီး အပြင်ကို စွန့်ထုတ်ဖို့ ခက်ခဲသွားတယ်။ မာကျစ်နေတဲ့ဝမ်းကို ညှစ်ရလွန်းတာကြောင့် မျက်ရည်ကျမတတ် နာကျင်ရသလို ပင်လည်း ပင်ပန်းပါတယ်။ တခိျု့ပညာရှင်တွေ ကလည်း ဟော်မုန်းတွေ၊ အာရုံကြောတွေရဲ့ ထိန်းချုပ်မှု ပျက်ပြားတာကြောင့်လည်း ဝမ်းချုပ်တတ်တယ်လို့ ဆိုထားကြပါတယ်။
တပတ်ကို ၁ ကြိမ်တောင်မှ ဝမ်းမသွားနိုင်ဘူးဆိုရင် ဝမ်းချုပ်တာလို့ ပြောတတ်ကြတာမျိုးရှိသလို ဝမ်းသွားဖို့ အားအရမ်းစိုက်ထုတ်ရတာ၊ ဝမ်းသွားရခက်ခဲတာ မျိုးတွေ ဖြစ်လေ့ဖြစ်ထရှိရင်လည်း ဒီလိုပဲ ပြောတတ်ကြပါတယ်။ ဝမ်းတခါသွားဖို့ အိမ်သာထဲမှာ ကြာကြာ ထိုင်နေလိုက်ရတာကလည်း ကျွန်မတို့ အူတွေ ရွှေ့လျားမှုနှေးကွေးနေတာရဲ့ အရိပ်အယောင်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝမ်းချုပ်ပြီဆိုမှတော့ ဝမ်းသွားတာ နည်းသလို သွားနေစဉ်မှာပဲ ကျန်နေသလို ခံစားရတတ်တာမျိုးပါ။ တပတ်ကို ဝမ်းသွားတာ ၃ ကြိမ်ထက်နည်းပြီးတော့ လပေါင်းတော်တော်ကြာ အဲ့ဒီလို ဖြစ်တတ်တာမျိုးကို တာရှည်ဝမ်းချုပ်တယ်လို့ ဆိုတတ် ကြပါသေးတယ်။
ဝမ်းချုပ်လာပြီဆိုရင် ကျွန်မတို့ သတိထားရတော့မယ့် အရာတွေရှိလာပါပြီ။ တရက်တလေ ဝမ်းမသွားရုံလောက်နဲ့တော့ ဒါတို ဝမ်းချုပ်တယ်လို့တော့ ခေါ်လို့မရပါဘူး။ တခိျု့ပညာရှင်တွေရဲ့အဆိုအရတော့ လူတစ်ယောက်ရဲ့ တပတ်တာ အူရွှေ့လျားမှုဟာ ၃ ကြိမ်ကနေ ၂၁ ကြိမ်အထိ ရှိတတ်တာကြောင့် တပတ်ကို ၃ ခါလောက် သွားသေးတယ်ဆိုရင်ပဲ ပုံမှန်အခြေအနေလို့ သတ်မှတ်လို့ ရပါသေးတယ်။ နောက် အသက်ကြီးလာတဲ့အချိန်မှာ အူတွေရဲ့ လှုပ်ရှားမှုက နှေးကွေးသွားတတ်တာကြောင့် လူကြီးတွေဟာ ကျွန်မတို့ သက်လတ်ပိုင်းအရွယ်တွေထက်တော့ ဝမ်းသွားတာ နည်းနေမှာပါပဲ။ တခါတလေကျတော့လည်း အဆီနည်းတဲ့ အစား အသောက်တွေကိုစား၊ အရည်တွေသောက်၊ လှုပ်လှုပ်ရှားရှားနေတတ်တဲ့သူတွေမှာတောင်မှ ဝမ်းချုပ်တာမျိုးကို ကြုံတွေ့ရ တတ်ပါသေးတယ်။
ဒီလိုလူမျိုးတွေ ကြုံတွေ့ရတတ်တဲ့အနေအထားကျတော့ ပုံစံတမျိုးပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုးတွေ၊ ဝမ်းနည်းမှုတွေကြောင့် ဝမ်းချုပ်သွားတာမျိုး ရှိသလို ကလေးတွေမှာဆိုရင်လည်း မိဘတွေ ကွာရှင်းတာ၊ သေဆုံးတာတွေကြောင့် ဝမ်းချုပ်သွားတတ်ပါတယ်။ စိတ်ကျရောဂါနဲ့ ဆက်စပ်ပြီးတော့ ဖြစ်တတ်တာမျိုးတွေရှိသလို သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်တာတွေ နည်းသွားတာလိုမျိုး ပြဿနာတွေကြောင့်လည်း ဝမ်းချုပ်သွားတတ်ပါတယ်။
အူမှာဖြစ်တတ်တဲ့ အနာတွေ၊ ကျောရိုးကို ထိခိုက်မှုတာ၊ အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ကယ်လ်စီယမ် များတတ်တဲ့ အခြေအနေတွေကြောင့် ဝမ်းချုပ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း ဝမ်းချုပ်တဲ့အခြေအနေမျိုးကို ကြုံတွေ့ရပါသေးတယ်။ ဟော်မုန်းအပြောင်းအလဲ တွေဟာ ဝမ်းချုပ်စေသလို သားအိမ်ဟာ အူတွေအပေါ်မှာ သက်ရောက်မှု ရှိလာပြီး အစာတွေ ဖြတ်သန်းမှုကို တားဆီးသွားတတ်တဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ တခိျု့သူတွေကျတော့ ဝမ်းနှုတ်ဆေး တွေကို စွဲသုံးမိရာကနေ ဝမ်းချုပ်တတ်သွားပါတယ်။ ဝမ်းနှုတ် ဆေးတွေဟာ ကျွန်မတို့ သက်တောင့်သက်သာနဲ့ ဝမ်းသွားအောင် ကူညီပေးနိုင်ပေမယ့် စွဲသွားတတ်ကြပါတယ်။ အဲ့ဒီလို စွဲသွားတဲ့ အချိန်မှာ ဆေးကို ရပ်လိုက်မိရင် ဝမ်းပြန်ချုပ်သွားတတ်ပါတယ်။
တခိျု့သူတွေကျတော့လည်း ခရီးသွားတဲ့အခါမျိုးဆိုရင် ဝမ်းက အလိုလိုချုပ်သွားတတ်ပါတယ်။ ခရီးသွားတဲ့အခါမှာ ကျွန်မ တို့ရဲ့ နေ့စဉ် လှုပ်ရှားမှုပုံစံက ပြောင်းလဲသွားပြီး အစာခြေဖျက်တဲ့ အဖွဲ့အစည်းကိုပါ သက်ရောက်မှုဖြစ်စေတာကြောင့် ဝမ်းချုပ်သွား တတ်ပါတယ်။ ခရီးလမ်းပေါ်မှာ ဝမ်းသွားချင်တာကို ထိန်းချုပ်လိုက်ရတာမျိုးတွေ၊ အစားအသောက်ပုံစံ ပြောင်းလဲလိုက်ရတာ၊ အိပ်ရာအဝင်အထ၊ အိမ်သာတက်ရတဲ့ အနေအထား ပြောင်းသွားတာတွေကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေလည်း ရှိနေပါသေးတယ်။
အဲ့ဒီလို ဝမ်းချုပ်လာရင် မတွေ့ကြုံဖူးသူ၊ မကြားဖူးသူတွေအတွက်တော့ ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ ဝမ်းမသွား လို့ ဗိုက်ကြီးကယ်လာတယ်လို့ ကြောက်လန့်လာသလို စိုးရိမ်စိတ်တွေလည်း ဝင်လာတတ်ကြပါတယ်။ ဘယ်လိုအကြောင်း မျိုးကြောင့်ပဲ ဝမ်းချုပ်တာဖြစ်ဖြစ် မသက်မသာခံစားနေရတဲ့ ဝေဒနာကို ဖယ်ရှားပစ်နိုင်ဖို့က လိုပါတယ်။ ဝမ်းချုပ်တာကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းခွင်ဆောင်ရွက်မှုမှာ မပျော်မရွှင်ဖြစ်လာရသလို အာရုံစိုက်မှုလည်း နည်းသွားတတ်ပါတယ်။
အဲ့ဒီလိုမျိုး ကျွန်မတို့ကို မခံချိ မခံသာ ဖြစ်စေမယ့် ဝေဒနာမျိုးကို ကျွန်မတို့က ဘယ်လိုနည်းနဲ့ တွန်းလှန်ကြမလဲ။ ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာတွေ့လျှင် ကာကွယ်ရ မယ့် နည်းလမ်းကလည်း ရှိနေသည်ပဲ။ ကိစ္စမရှိပါဘူး။ ကျွန်မတို့ ရှေးအစဉ်အဆက် ရှာဖွေလေ့လာခဲ့သူ ပညာရှင်တို့ လမ်းညွှန်ထားတဲ့ အတိုင်း ကျွန်မတို့က အဆင်သင့် လိုက်နာလိုက်ရုံပဲ။ ကယိကထ နည်းပြီးတော့ ငွေကုန်ကြေးကျ မများတဲ့ ဝမ်းချုပ်ခြင်း ကင်းဝေးစေတဲ့ နည်းလမ်းတွေကို ကျွန်မတို့ မှတ်သား လေ့လာကြလိုက်ရုံပဲ မဟုတ်လား။
၁။ ပုံမှန် အိပ်ရာထပါ။
အိပ်ရာထတာနှင့် ဝမ်းမှန်တာကတော့ ဆက်စပ်နေပါတယ်။ အိပ်ရာထတဲ့အချိန်ကို ပုံမှန်ထားပေးပြီး အိမ်သာသွားတဲ့ အကျင့်ကို လုပ်ထားပေးရင်လည်း ဝမ်းသွားတဲ့အလေ့အထက မှန်ကန်လာပါတယ်။ အူတွေရဲ့လုပ်ရှားမှုဟာ အဲ့ဒီအချိန်မှာ အမြင့်ဆုံးဖြစ်တာကြောင့် အသေအချာကို အလေ့အကျင့်ပြုလုပ်ထားပေးရပါတယ်။
၂။ ဝမ်းသွားမယ့်အချိန်ကို မချုပ်တီးသင့်ပါဘူး။
ဒါကတော့ အကြောင်းအရင်းအမျိုးမျိုးပါပဲ။ ဝမ်းသွားချင်စိတ်ပေါ်တဲ့အချိန်မှာ ကျွန်မတို့ဟာ အိမ် ဒါမှမဟုတ် အိပ်သာသွားရန် အဆင်မပြေတဲ့ နေရာ တခုခု ကို ရောက်နေ တာက ပိုပြီးတော့ ဖြစ်နိုင်ပါတယ်။ လူကြီးတွေက အလုပ်များနေလို့ ဝမ်းသွားချင်စိတ်ကို ထိန်းလိုက်တတ်သလို ကလေးတွေ ကျတော့လည်း သူတို့ဆော့ လက်စ ကို ထားခဲ့ပြီးတော့ ဝမ်းမသွားတော့ တာမျိုးလည်း ရှိတတ်ပါတယ်။ အဲ့ဒီလိုမျိုး ဝမ်းသွားချင်တဲ့စိတ်ဖြစ်ပေါ်လာတာကိုတော့ လျစ်လျူရှု့လိုက်ပြီး တဲ့နောက်တော့ နောက် တစ်ကြိမ်ပြန်သွားဖို့ အချိန်ပြန်ယူရတတ်ပါတယ်။
တကယ်တော့ လှိုင်းထလိုက်သလိုမျိုး အူထဲမှာ ရွှေ့လျားသွားတာတွေဟာ အူထဲမှာရှိတဲ့ ပစ္စည်းတွေ ရှေ့ကို ရောက်သွား အောင် ကုံျ့ယုံ့လိုက်တာမျိုးဖြစ်ပြီး သူတို့ကြောင့်ပဲ ပုံမှန် ဝမ်းသွားတာမျိုးတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီလို အူထဲမှာ လှုပ်ရှား ပြောင်းလဲလို့ ဝမ်းသွားချင်စိတ်ပေါ်လာတာကို လျစ်လျူရှု့လိုက်မိရင် ဝမ်းသွားဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်ပါတယ်။ အစာဟောင်းတွေဟာ အူထဲမှာ ကြာကြာရှိနေရင် သူတို့အထဲကရေကို ပြန်ပြန်ပြီးတော့ စုပ်ယူသွားတာကြောင့် မစင်တွေဟာ ပိုပြီးတော့ မာသွားပြီး စွန့်ထုတ်ဖို့ ပိုပိုပြီး ခက်ခဲလာတတ်ပါတယ်။ များသောအားဖြင့်တော့ ဝမ်းသွားတတ်တဲ့အလေ့အကျင့်တွေဟာ အစား စားပြီးခါစမှာ ပိုပြီးတော့ သိသိသာသာဖြစ်တတ်တာကြောင့် ခန္ဓာကိုယ်ကပြောသောအသံ သေချာနားထောင်လိုက်ရင် ဝမ်းမှန်မှန်သွားနိုင်လာပါတယ်။
၃။ သက်တောင့်သက်သာနေပါ။
စိတ်ဖိစီးမှုများတာနဲ့ ဝမ်းချုပ်တာဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတွေက သိပ်ပြီးတာ့ သတိမထား မိတတ်ကြ သေးပါဘူး။ ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုဟာ စိတ်ဖိစီးမှုကို အကြောင်း တခုမဟုတ် တခုနဲ့ ကြုံတွေ့နေရတတ်ပါတယ်။ အဲ့ဒီလို အချိန်မှာ ကျွန်မတို့ရဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ဆဲလ်တွေ၊ြွကက်သားတွေ သက်တောင့် သက်သာ အလုပ်လုပ်နေတာကို လာပြီးတော့ ဟန့်တားနှောင့်ယှက်တတ်တယ်။ ဒီတော့ ကျွန်မတို့ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အူတွေကလည်း ကောင်းကောင်းရွှေ့လျားမှု မပြုနိုင်တောပါဘူး။ ဒါကြောင့် ကျွန်မတို့တွေဟာ ဝမ်းချုပ်တဲ့ပြဿနာကို လျော့ချချင်တယ်ဆိုရင် သက်တောင့်သက်သာနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုပါ ထည့်တွက်ထားရပါလိမ့်မယ်။ များပြားလှတဲ့ အလုပ်တွေ၊ တာဝန်ယူမှုတွေကြားထဲကနေ ကျွန်မတို့ ခန္ဓာကိုယ်အတွက် အချိန်တခိျု့လောက်တော့ မျှေ0ရပါလိမ့်မယ်။
၎။ အရည်များများသောက်ပါ။
ကျွန်မတို့အနားတဝိုက်မှာ သောက်စရာ အမျိုးမျိုးရနိုင်တယ် မဟုတ်ပါလား။ ရိုးရိုးရေသန့်ကနေ သစ်သီးဖျော်ရည်၊ ဟင်းရည်ကအစ အရည်အားလုံးက ဝမ်းမှန်မှန် သွားနိုင်အောင် ကူညီပေးပါတယ်။ ဖြစ်နိုင်ရင်တော့ တနေ့ကို ရေ ဖန်ခွက် ၈ ခွက်လောက် သောက်ပေးရပါလိမ့်မယ်။ ဝမ်းချုပ်တဲ့သူ၊ ဝမ်းချုပ်တတ်တဲ့ အလေ့အထ ရှိသူတွေဟာ တခြားသူတွေထက် ရေ ၂ – ၄ ခွက် လောက် ပိုသောက်သင့်သလို ပူတဲ့နေ့တွေ၊ ကိုယ်လက်လှုပ်ရှား မှု ပြုလုပ်ထားတဲ့အချိန်တွေမှာဆိုရင်တော့ ရေကို ပိုပြီးတော့ များများ သောက်ပေးရမှာပေါ့လေ။ ဒါပေမယ့် ကဖင်းပါတဲ့ ကော်ဖီ၊ ဖျော်ရည်တွေကတော့ ရေဓါတ်ကို လျော့ပါးစေတဲ့ အာနိသင် ရှိတာကြောင့် ဝမ်းပြန်မှန်တဲ့အချိန်အထိ ရှောင်ပေးနိုင်တာကတော့ အကောင်းဆုံးပါပဲ။
၅။ စားသောက်တဲ့ပမာဏကို တိုးလိုက်ပါ။
ဒီမှာ အဓိကပြောချင်တဲ့ အစားအသောက်ကတော့ အမျှင်ဓါတ်ြွကယ်ဝတဲ့အစားအသောက်တွေပါပဲ။ သစ်သီးဝလံတွေကို များများစားပါ။ အဆီများတဲ့ အစား အသောက်တွေ၊ ချိစ်၊ အသား၊ ကြက်ဥတွေကို အားပါးတရစားမယ့်အစား အရွက်ကြော်၊ အရွက်သုတ်တို့ကို ဦးစားပေးစားတဲ့အခါ ခန္ဓာကိုယ်မှာ အမျှင် ဓါတ်တွေြွကယ်ဝလာပါတယ်။ ဆန်ဆိုလျှင်လည်း ဖြူဖွေးနေအောင် အထပ်ထပ် ပြုပြင်ပြောင်းလဲထားတဲ့ဆန်တွေအစား ညိုမောင်းတဲ့ဆန်က အမျှင်ဓါတ်တွေ ပိုပြီးတော့ များပါတယ်။ ပေါင်မုန့် ဆိုရင်လည်း ညိုတဲ့ပေါင်မုန့်က ကျွန်မတို့ ဝမ်းမှန်မှန်သွားနိုင်အောင် အများကြီး အထောက်အကူပေးနိုင်ပါတယ်။ အမျှင်တွေဟာ အူတွေ ရွှေ့လျားတဲ့ အကြိမ်ရေကို များစေပါတယ်။ အမျှင်များများ စားပြီး ရေများများသောက်တဲ့အခါ မစင်က ပွလာပြီး အပြင်ဘက်ကို လွယ်လွယ်ကူကူ ထွက်နိုင်အောင် ကူညီပေးပြီးသား ဖြစ်သွားပါတယ်။
၆။ သောက်နေတဲ့ ဆေးဝါးများအကြောင်း ဆရာဝန်ကို ပြောပြထားပါ။
ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ မေ့ထားလို့မရတဲ့အထဲမှာ ဆေးတွေလည်း ပါဝင်နေတတ်ပါတယ်။ တခါတလေမှာ ကျန်းမာရေး လိုအပ်ချက်အရသောက်နေ တဲ့ တခိျု့ဆေးတွေကပဲ ကျွန်မတို့ကို ဝမ်းချုပ်သွားစေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကို အထောက်အကူပြုဖို့အတွက် သုံးတဲ့ဆေးတွေ၊ သွေးကျဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေ၊ အားဆေးတွေ ကအစ တခါတလေမှာ အူတွေရဲ့ ရွေ့လျားမှုကို ဟန့်တားတာကြောင့် ဝမ်းသွားဖို့ ခက်ခဲလာပါတယ်။ သံဓါတ်ပါတဲ့ အားဆေးတွေဟာ တခိျု့အမျိုးသမီးတွေဟာ ဝမ်းသွားတာမျိုးဖြစ်တတ်ပေမယ့် အများစုမှာကြတော့ ဝမ်းချုပ်တာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒီတော့ ကျွန်မတို့ဟာ ဝမ်းချုပ်တဲ့အကြောင်းကို ဆရာဝန်တွေနဲ့ ပြောပြတိုင်ပင်ဆွေးနွေးနေတဲ့အချိန်မှာ ဘယ်လိုဆေးမျိုးတွေကို သောက်နေလဲ ဆိုတာကို ထည့်ပြောရပါလိမ့်မယ်။ ဆရာဝန်ကလည်း လိုအပ်မှုအနေအထားပေါ်မူတည်ပြီးတော့ ဆေးပြောင်း ပေးလို့ရတဲ့အခါ ပေးတတ် ပါတယ်။ ဝမ်းနှုတ်ဆေးသောက်ဖို့လိုအပ်တယ်ဆိုရင်လည်း သင့်တော်တဲ့အမျိုးအစား၊ ပမာဏကို ချိန်ဆပြီးတော့ ပေးပါလိမ့်မယ်။
၇။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပါ။
လှုပ်ရှားမှုနည်းတဲ့လူတစ်ယောက်မှာ အူတွေရဲ့ ရွှေ့လျားမှုကလည်း နှေးကွေးနေတတ်ပါတယ်။ အိပ်ရာထဲမှာ ကြာကြာလဲ နေတဲ့သူတစ်ယောက်ဟာ ဝမ်းချုပ်ဖို့ အခွင့် အလမ်းတွေ ပိုများပါတယ်။ အသက်ကြီးတဲ့သူတွေ အိပ်ရာထဲမှာ ရက်ပေါင်းကြာကြာ လဲနေရင် ပိုပြီးတော့ သိသာပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များနေတဲ့ အချိန် ဆိုရင်တော့ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဟာ သွက်လက်နေပြီး အူတွေရဲ့ ရွေ့လျားမှုကလည်း မြန်ဆန်လာပါတယ်။ အူနံရြွံကက်သားတွေရဲ့ လှုပ်ရှားမှုကလည်း မြန်လာတာကြောင့် ဝမ်းလည်း မှန်မှန်သွားနိုင်လာပါတယ်။
ဝမ်းချုပ်တာဟာ သိပ်ပြီးတော့ စိုးရိမ်စရာမဟုတ်တဲ့ အခြေအနေတမျိုးဖြစ်သလို ကျွန်မတို့ သဘာဝ နည်းလမ်းတွေနဲ့ ကြိုးစားလို့ မရခဲ့ရင်လည်း ဆေးတွေရဲ့ အကူအညီကို ယူလို့ရပါသေးတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ကျွန်မတို့ဟာ ဝမ်းသွားတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာရင် ဆရာဝန်နဲ့ သွားတွေ့ဆုံပြီး တိုင်ပင် ဆွေးနွေးလိုက်တာက ပိုပြီးတော့ ကောင်းပါတယ်။ တခါတလေကျတော့ ဝမ်းသွားတဲ့အလေ့အထပြောင်းလဲနေတာဟာ အူကင်ဆာလိုမျိုး အခြေအနေတွေနဲ့ သွားပြီး ဆက်စပ်နေတတ်တာမျိုးပါ။ှုမမငအဘေူန သြတနှူပညိမသာန၊ ပါကင်ဆန်ရောဂါ၊ ဆီးချိုရောဂါတွေကြောင့် ဝမ်းချုပ် တာမျိုးဆိုရင်တော့ ဖြစ်ရတဲ့ အကြောင်းရင်းခံကို ကုသမှသာ ဝမ်းချုပ်တာက သက်သာသွားတာမျိုးပါ။ တခိျု့သူတွေ ကျတော့လည်း ဝမ်းချုပ်တဲ့အချိန်မှာ ကိုယ်အလေးချိန်မလျော့ဘဲ အလေးချိန်တွေ ကျလာတယ်၊ ဝမ်းသွားရင်းနဲ့ သွေးစပါလာတယ်၊ ဗိုက်ထဲကနေ မခံမရပ်နိုင်အောင် အောင့်တယ်ဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်ရပါ တော့မယ်။
အိမ်တွင် အမေ့ရဲ့မိတ်ဆွေများ၊ ကြီးဒေါ်များစုမိကြလျှင် လူမှုရေး၊ စီးပွားရေးကအစ သားသမီးတွေရဲ့အကြောင်းများကို ပြောဆိုလေ့ရှိကြပါတယ်။ ကျွန်မတို့ မောင်နှမတတွေ နှင့် ပတ်သက်ပြီး မေးမြန်းလာရင်တော့ အမေက ”သူတို့လုပ်အားခသာ စောင့်စားရလျှင်တော့ ဝမ်းတောင်မှန်အောင်” သွားနိုင်မှာ မဟုတ်ဘူးဟု ရယ်ရယ်မောမော ပြန်ပြောလေ့ရှိပါတယ်။ မြစ်တို့ရဲ့ သဘောအတိုင်း စုန်ရေတို့၏ သတ္ထိမျိုးဖြင့် မေမေက ဆိုလေ့ရှိပါတယ်။ ကျွန်မ အိမ်ပြန်ရောက်နေတဲ့ အခါနဲ့ ကြုံကြိုက်တဲ့ အခါမျိုးဆိုရင်တော့ ”ဝမ်းမှန်မှန်သွားချင်ရင် အရွက်များများစားပေါ့” ”သမီးလည်း ဝမ်းချုပ်တတ်ပါတယ်” လို့ ပြန်ပြီး နောက်မိ တတ်ပါတယ်။
တကယ်တမ်းမှာလည်း အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးတဲ့သူတွေမှာ ဝမ်းချုပ်တဲ့ ပြဿနာက ပိုများတယ်တဲ့။ ဒီတော့ အမေအပါအဝင် အဘိုးအဘွားအားလုံးကို ဝမ်းမှန်မှန် သွားစေချင်ပါတယ်။ ဈေးသွားနိုင်သေးတယ်။ အသီးအရွက်စားနိုင်သေးတယ်။ ကိစ္စ မရှိတော့ပါဘူး။ ဒီလောက်ဆိုရင်ပဲ အမေတို့ အားလုံး ဝမ်းမချုပ်ဖို့ သေချာသွားပြီ။ ဒါဆို ကျွန်မကိုယ်တိုင်ရော…။ အသုံးပြုနေဆဲ ကွန်ပျူတာကို ပိတ်လိုက်ပြီး အခန်းထဲမှာ ဟိုဟိုဒီဒီ လမ်းထလျှောက်လိုက်မိတယ်..။ အချိန်ကြာကြာ မလှုပ်မရှား ထိုင်နေခြင်းကလည်း အမျိုးသမီးတစ်ယောက် ဝမ်းချုပ်ဖို့အတွက်လုံလောက်တဲ့ အကြောင်းပြချက် တစ်ရပ်မဟုတ်ပါလား။
နှင်းနုလွင် (ဆေးဝါး)
အာရောဂျံ
၂ဝ၁၃၊ ဖေဖော်ဝါရီ