health4everyone - ဗိုက်ထဲက အဆီ
   
  မူလစာမျက်နှာ
  အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ
  ဆက်သွယ်ရန်
  ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးများ
  ဥာဏ်ရည်ထက်မြက်စေမယ့် နည်းလမ်း (၅) သွယ်
  လေယာဉ်မှူးနှင့်အစားအစာ
  အခွံမာသီးကို စားသုံးပါက အသည်းရောဂါကိုေ
  အသည်းရောဂါ အတွက် သခွတ်ပြုတ်ဆေးရည်
  လက်သည်း အလှပြင်နည်း
  နေ့စဉ် ဆေးလိပ်အနည်းငယ် သောက်ခြင်းကြောင&
  ဂျင်း၏ အကျိုးထူး(၁၀)ဖြာ
  ပီကေ၏ အန္တရာယ်
  ဦးနှောက်ထိခိုက်စေနိုင်သော အလေ့အကျင့်&#
  ကင်ဆာရောဂါနှင့် သင်္ဘောရွက်
  ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျာ
  ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းန&
  ပိုးဟပ်ရှင်းလင်းရေး
  ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိ&
  ကြွက်ဖမ်းပညာ
  ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျ& 42
  လေအေးပေးစက်က လူကိုဝစေ
  ဖရဲသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
  ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
  စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သေ&#
  အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာမျ
  ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ
  သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးမျ&#
  နှာချေခြင်းအကြောင်းသိကောင်းစရာ
  တစ်နေ့ရေဘယ်နှစ်ခွက်သောက်ရမလဲ
  စပျစ်သီး၏ အသုံးဝင်ပုံ
  ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျ&
  သိထားသင့်သော အသက်ကယ်မည့် နည်းလမ်းများ
  သိမှတ်ဖွယ်ရာ သင့်ခန္ဓာ
  ကြောင်အများစုဟာ နွားနို့နဲ့မတည့်
  ဂွေးသီး၏ ကျန်းမာရေးစွမ်းပကား
  မှိုစားပြီးဝိတ်ချပါ
  နှာရည်ယိုစေတဲ့အစားအစာ
  သခွားသီးအကြောင်းသိကောင်းစရာ
  ရေသောက်ခြင်းနှင့် ကိုယ်ခန္ဓာအပူချိန်
  မျက်စေ့ညောင်းခြင်းကို သဘာဝနည်းအရ ဖြေလေ&
  အိပ်ရေး၀၀ အိပ်နိုင်အောင်
  စပျစ်သီးအနီနှင့် စပျစ်သီးအစိမ်းခြားနာ&#
  အားလုံးကြိုက်တဲ့ကော်ဖီ
  ငှက်ပျောသီးအကြောင်းသိကောင်းစရာ
  ဦးနှောက်နှင့် နာကျင်မှုဝေဒနာ
  အရက်ကလူကိုအကျိုးပြုသလား
  ကုလားအုတ်နို့ဟာ နွားနို့ထက်သံဓာတ် ၁၀ ဆ ပ
  လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ
  လေလည်ခြင်းအကြောင်းသိကောင်းစရာ
  ခြေထောက်နာခြင်းနှင့် အစားအစာများ
  စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက်
  တာရှည်ဆေးသောက်ရတဲ့အခါ
  ဗိုက်ထဲက အဆီ
  မေမေ့ကို ဝမ်းမှန်စေချင်ပါသည်
  Calcium
  Zinc
  ကိုယ်အလေးချိန် လျော့ကျလိုသူတိုင်း ကိုယ&
  ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်&#
  နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည် 441
  နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်
  ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစား
  ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစား&
  ပိန်ချင်ရင် သရက်သီးအခွံစားပါ

ကျွန်မတို့အားလုံးဆီကို အချိန်မဆိုင်းဘဲ ရောက်လာပြီး အချိန်အတော် ကြာအောင် ခိုအောင်း နေတတ်တဲ့ အထဲမှာ ဝမ်းဗိုက်က အဆီများကတော့ နံပတ်တစ်ဖြစ်ပါတယ်။ ကျွန်မတို့ သတိမထားမိခင်အချိန်မှာ လာရောက်စုဆောင်းနေပြီး သူတို့ကို သတိထား လိုက်မိတဲ့အချိန်မှာတော့ အတော့်ကို ဖယ်ထုတ်ရ ခက်နေပါပြီ။ အသက်ကြီးငယ်မရွေး၊ ကျားမ မရွေး သူတိုက ကပ်တွယ်နေကြတယ်။ ကျွန်မတို့ အားလုံးဟာ လှုပ်ရှားမှုတွေကို လေးလံစေတဲ့၊ ကျွန်မတို့ကို အရုပ်ဆိုးစေတဲ့ အဲဒီနေရာက အဆီတွေကို မမြင်ချင်ကြဘူး။ ကျွန်မတို့ဆီကနေပြီးတော့ ဖယ်ပစ်ချင်ကြပါတယ်။ သူတို့ကြောင့် ကျွန်မတို့တတွေ ပိုပြီးတော့ ဝလာတယ်လို့ ခံစားနေရပါတယ်။

 

တကယ်တမ်းကျတော့ ကိုယ်အလေးချိန်ကြီးတဲ့သူတွေတင်သာမက ပိန်နေတဲ့သူတွေရဲ့ ဝမ်းဗိုက်မှာပါ အဆီတွေစုနေတတ်ပါတယ်။  လူတစ်ယောက်ဟာ ပိန်တာပဲ ဖြစ်ဖြစ် ဝတာပဲဖြစ်ဖြစ် အဆီတွေရဲ့ တိုက်ခိုက်မှု ကို ခံစားနေရတတ်ပါတယ်။ အဆီတွေဟာ ကျွန်မတို့ မမြင်သာတဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေ ဆီမှာလည်း ခိုအောင်းနေကြပြီးတော့ ကျွန်မတို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတတ်ကြ တယ် ဆိုတာကို ကျွန်မတို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမယ့် အဆီတွေဆိုတိုင်း ကျွန်မတို့တတွေ ကြောက်လန့်နေဖို့ မလိုအပ်သေးပါဘူး။

 

ကျွန်မတို့ ခန္ဓာကိုယ်ဟာလည်း အဆီကို လိုအပ်နေပါတယ်။ ကျွန်မတို့အတွက်လိုအပ်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေတို့ကို စုပ်ယူ သိမ်းဆည်းဖို့ လိုအပ်သလို ဇီဝဖြစ်ပျက်မှုတိုင်းမှာ လိုအပ်နေတဲ့ Chemicals တွေကို ထုတ်ပေးဖို့လည်း သူ့ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဆိုရင် ရင်သွေးငယ် ဖွံ့ဖြိုးကြီးထွားဖို့ အဆီကို လိုအပ်ပါတယ်။ အဆီတွေဟာ သူတို့ရောက်နေတဲ့ နေရာတွေပဲ မူတည်ပြီး အကျိုးဆက်တွေက အမျိုးမျိုးဖြစ်စေနိုင်တာကြောင့် အဆီတွေဆိုတိုင်း အတူတူပဲလို့ သတ်မှတ်လို့မရပါဘူး။

 

ကျွန်မတို့ စားသုံးလိုက်တဲ့ အဆီတွေ၊ ဇီဝဖြစ်ပျက်မှုကနေ ထွက်လာတဲ့ အဆီတွေကို နေရာ ၂ ခုမှာ ခွဲပြီးတော့ သိုလှောင် ထားတတ်ကြ ပါတယ်။ ပထမနေရာက ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်တွေမှာရှိတဲ့ အရေပြားရဲ့ အောက်ဘက်မှာ စုတတ်ကြပါတယ်။  နောက်တခုကတော့ အတွင်းအင်္ဂါ ကလီစာတွေဆီမှာပါ။ နှလုံး၊ အဆုတ်၊ အသည်း အပါအဝင် အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်၊ ရင်ဘက်၊ ဝမ်းဗိုက်၊ ခါးနေရာတွင်မှာ အဆီတွေဟာ မသိမသာ နေရယူပြီး စုဝေးနေတတ်ကြပြီး ကျွန်မတို့ကို အန္တရာယ်ပေးဖို့ စောင့်ဆိုင်း နေတတ်ကြပါတယ်။ ကျွန်မတို့ဟာ အရေပြားအောက်ထဲမှာ စုနေတဲ့ အဆီတွေကိုတော့ မြင်နိုင်ကြပေမယ့် အတွင်း အစိတ်အပိုင်း တွေဆီက အဆီတွေကိုတော့ မြင်ဖို့ရာ တော်တော့်ကို ခက်ခဲတတ်ပါတယ်။ ကျွန်မတို့မြင်နိုင်တဲ့ အစိတ်အပိုင်းတွေဆီမှာ ရှိနေတာထက် မမြင်ရတဲ့ နေရာတွေမှာ စုဆောင်းနေတဲ့ အဆီတွေက ပိုပြီးတော့ များပါတယ်။

 

အဲ့ဒီလိုမျိုးအတွင်းအင်္ဂါတွေဆီက အဆီတွေဟာ နေရာတိုင်းလိုလိုမှာ တည်ရှိနေတတ်ကြပါတယ်။ အဲ့ဒီအဆီတွေဟာ ကျွန်မတို့ထင်မြင်ယူဆထားသလို အပိုပစ္စည်းသက်သက်တော့ မဟုတ်ပါဘူး။ သူတို့ဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေလိုပဲ အလုပ်လုပ်နိုင်စွမ်းရှိကြပါတယ်။ အတွင်းအင်္ဂါတွေဆီမှာ စုပုံတဲ့ အဆီတွေဟာ အဲ့ဒီအင်္ဂါတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ ကြားခံ ကူရှင်သဖွယ် ဆောင်ရွက်ပေးတဲ့အချိန်မှာ သူဟာ အနားပတ်ဝန်းကျင်မှာရှိတဲ့ အင်္ဂါတွေက စုပ်ယူနိုင်တဲ့ ဆိုးရွားတဲ့ အရာဝတ္တုတွေကို စစ်ထုတ် ပေးပါတယ်။

ဥပမာအနေနဲ့ ပြောရရင် အတွင်းကလီစာတွေဆီက အဆီတွေဟာ inflammatory compounds တချို့ကို ထုတ်လုပ်ပေးပြီး သူတို့ကြောင့် အင်ဆူလင်ကို တုံ့ပြန်မှုမရှိတော့တဲ့အခြေအနေတွေ၊ တချို့ ကင်ဆာ ရောဂါတွေကိုဖြစ်လာစေပါတယ်။ အတွင်းအင်္ဂါတွေဆီမှာ လာကပ်နေတဲ့အဆီတွေက ထွက်တဲ့အရာတွေဟာ သွေးတိုးရောဂါ၊ အမျိုးအစား၂ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ စိတ်ပျံ့လွင့်မှုအပါအဝင် ရင်သားကင်ဆာ၊ အူကင်ဆာ၊ သားအိမ်ကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ်။

 

လူတစ်ယောက်ဟာ ပိုပြီးတော့ ဝလာတာနဲ့အမျှ သူရဲ့ အရေပြားအောက်တွေ၊ အတွင်းအင်္ဂါတွေ ဆီမှာတော့ အဆီတွေဟာ ပိုပြီးတော့ များလာပါတယ်။ သူ့ရဲ့အဆီတွေကို ဘယ်နေရာမှာ ပိုပြီးတော့ သိုလှောင်ထားတယ် ဆိုတာကတော့ သူရဲ့ မျိုးရိုးဗီဇ၊ နေထိုင်ရှင်သန်တဲ့ပုံစံ၊ အသက်အရွယ်၊ ယောကျာ်း မိန်းမ စတဲ့အချက်တွေက လွှမ်းမိုးနေပါတယ်။

 

လူတိုင်းဟာ နေရာတိုင်းမှာ အဆီတွေ စုနေတတ်ပြီး ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ အသက် ၄ဝ အောက် အမျိုးသားတွေမှာတော့ အမျိုးသမီးတွေထက်စာရင် သူတို့ရဲ့အတွင်း အင်္ဂါတွေဆီမှာ  အဆီတွေပိုပြီး တော့ စုနေတတ်ပါတယ်။ အမျိုးသမီးတွေ ကတော့ သွေးဆုံးပြီးချိန် နောက်ပိုင်း ရောက်မှသာ ကလီစာတွေမှာ အဆီတွေကို စုတတ်ကြပါတယ်။ ဝနေတဲ့လူတစ်ယောက်မှာ ပိုနေတဲ့အဆီတွေကို အသည်း၊ နှလုံး တို့လိုမျိုး အတွင်းအင်္ဂါတွေ၊ သူတို့အနားပတ်ဝန်းကျင်တွေမှာ သိမ်းဆည်းထားတတ်ပါတယ်။ အသည်းအဆီဖုံးတာမျိုးဟာ အရက်မသောက်တတ်တဲ့သူတွေဆီမှာ ဖြစ်တာ နည်းပေမယ့် သူဟာ ဝလာတာနဲ့အမျှ အတွင်းအင်္ဂါတွေဆီမှာ အဆီတွေ လာစုကြတော့တာပါပဲ။

 

အဲဒီအဆီတွေဟာ ဘယ်နေရာမှာ စုနေကြတယ်ဆိုတာကို တိုင်းတာ ဖို့အတွက်တော့ ခက်ခဲပေမယ့် ကျွန်မတို့ အလွယ်ကူတကူ တွက်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ ယေဘူယျအားဖြင့်တော့ အမျိုးသမီးတစ်ယောက်ရဲ့ ခါးအတိုင်းအတာဟာ ၃၅ လက်မထက် ကျော်လာမယ်၊ အမျိုးသားတစ်ယောက်ရဲ့ ခါးဟာ ၄ဝ ကျော်သွားပြီဆိုရင် သူ့တို့အတွင်းအင်္ဂါတွေဆီမှာ အဆီတွေ စုနေပြီလို့ ခန့်မှန်းလို့ရပါပြီ။

 

နောက်ထပ် တိုင်းလို့ရတဲ့ နည်းကတော့ ခါးနဲ့ တင်ပါးအချိုးချကြည့်ဖို့ပါ။ ခါးနဲ့ တင်ပါး အချိုးအစားဟာ လူတစ်ယောက်ရဲ့ အဆီတွေ ဘယ်နေရာမှာ များနေလဲဆိုတာကို ညွှန်ပြနိုင်တဲ့ နေရာတွေပါပဲ။ ဒီလို တိုင်းတဲ့အခါမှာ တိကျတဲ့အဖြေကို ရဖို့ သတိထားရတာတွေ ရှိနေပါသေးတယ်။ ခါးကိုတိုင်းမယ်ဆိုရင် မတ်နေအောင်နေပြီး ပထမဆုံး အသက်ကို ပြင်းပြင်းရှုထုတ်ပေးရပါလိမ့်မယ်။ မှန်ကန်တဲ့ခါးအတိုင်း အတွက်တော့ ပေကြိုးကို  ချက်ကို ဖြတ်ပြီး ခါးအလယ်တည့်တည့်မှာ ထားပေးရပါလိမ့်မယ်။ အဲဒီလိုပဲ တင်ပါးအချိုးကို တိုင်းတဲ့နေရာမှာ တင်ပါးဆုံရိုးရဲ့အပေါ်ဘက်မှာ ပေကြိုးကိုတင်ပြီး ထပ်တိုင်းရပါလိမ့်မယ်။ သူတို့ ၂ ခုကို အချိုးချလိုက်လို့အမျိုးသမီးတစ်ယာက်ရဲ့ အချိုးအစားဟာ ဝ.၈၊ အမျိုးသားတစ်ယောက်အတွက် ဝ.၉ လောက်ရှိတယ်ဆိုရင် ကျန်းမာတဲ့ လူတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။

 

ဒီနေရာမှာ ကျွန်မတို့တတွေဟာ BMI ကို ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ BMI ဟာ ကျွန်မတို့ရဲ့ အရပ်၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် သူဟာ အဆီတွေ ဘယ်နားမှာ သိမ်းထားတယ်ဆိုတာကိုတော့ မညွှန်ပြနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အဆီတွေဟာ တင်ပါးနဲ့ ပေါင်တွေမှာ စုနေတယ်ဆိုရင်တော့ သူ့ကို သစ်တော်သီး ပုံစံလို့သတ်မှတ်ပြီး သူဟာ ခါးမှာ အဆီတွေစုနေတဲ့ ပန်းသီး ပုံစံထက် ပိုပြီးတော့ စိတ်ချရပါသေးတယ်။ ပန်းသီးဆိုတာဟာ ဝမ်းဗိုက်မှာ အဆီတွေ ပိုပြီးတော့ များနေတယ်လို့ သတ်မှတ်နိုင်ပြီး အတွင်းအင်္ဂါတွေဆီမှာ အဆီတွေ စုပုံနေနိုင်တယ်လို့ ယူဆလို့ ရပါတယ်။

 

အဲဒီလို ကျွန်မတို့ရဲ့ ဗိုက်ထဲမှာ လာနေရာယူတတ်တဲ့ အဆီတွေကို ဘယ်လိုထိန်းချုပ်ကြမလဲ။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းတွေဆီကို လာရောက်စုပုံနေတတ်တဲ့ အဲ့ဒီအဆီတွေကို ဖယ်ရှားချင်တယ် ဆိုရင်တော့ လိုက်ပါဖို့လိုအပ်တဲ့ အဓိက အချက် ၄ ချက်ကို မေ့လျော့ထားလို့ မရပါဘူး။

 

(က) ကိုယ်လက် လှုပ်ရှားမှု

ပထမဆုံးနဲ့ ကျွန်မတို့ မေ့လျော့မထားသင့်တဲ့ အရာကတော့ လေ့ကျင့်ခန်းလုပ်ဖို့ပါပဲ။ ဝမ်းဗိုက်မှာ အဆီတွေ စုနေလို့ လှုပ်ရှားရခက်လို့ပါ၊ သွားလာရ ခက်လို့ပါဆိုတဲ့ အကြောင်းပြချက်လောက်နဲ့မပယ်ထား သင့်တဲ့ အချက်ကတော့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ပါပဲ။ အတွင်း အင်္ဂါတွေပေါ်မှာ၊ သူတို့အနားတစ်ဝှိုက်မှာ ရှိနေတဲ့ အဆီတွေကို ကျဖို့ဆိုတဲ့ သီးသန့် လေ့ကျင့်ခန်းမရှိပေမယ့် ကိုယ်အလေးချိန် လျော့ကျသွားတာနဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့အဆီတွေဟာ အလိုလိုလျော့နည်းသွားတာပါပဲ။ အသည်းမှာ စုပုံနေ တတ်တဲ့ အဆီတွေဟာ အသည်းအဆီဖုံးတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုရင်တောင်မှ သူတို့ကို လျော့နည်းစေဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက အတော့်ကို အထောက်အကူ ပြုပေးပါတယ်။

 

အေရိုးဗစ်အားကစားကို မိနစ် ၃ဝ လောက်ကစားတာ၊ တပတ်ကို ၄ ကြိမ်လောက် ပုံမှန် လေ့ကျင့်ပေး ရင်တော့ အရေပြားအောက်မှာ သိုလှောင်ထားတဲ့ အဆီတွေ၊ အတွင်းအင်္ဂါတွေဆီမှာ ကပ်နေတဲ့ အဆီတွေပါ လျော့ကျသွားပါတယ်။ ခပ်ဖြည်းဖြည်းလေးပြေးတာ၊ စက်ဘီးစီးတာ၊ ခပ်မြန်မြန် လမ်းလျှောက်တာ တွေဟာ ကျွန်မတို့ကို ကောင်းကောင်းအကူအညီပေးနိုင်ပါတယ်။ တနေ့ကို ခြေလှမ်း ၇ဝဝဝ လောက် လှမ်းပေး ရင်တောင်မှ ကျွန်မတို့ဝမ်းဗိုက်ထဲက အဆီတွေဟာ လောင်ကျွမ်းသွားနိုင်ပါတယ်။

 

လူတစ်ယောက်ဟာ လှုပ်ရှားမှု နည်းလာတာနဲ့ အမျှ အတွင်းအင်္ဂါတွေမှာ အဆီတွေ စုဆောင်းတာ ပိုပြီးတော့ များလာပါတယ်။ အချိန်ကြာလေလေ အဆီတွေ ပိုပြီးတော့ များလာလေဖြစ်တာကြောင့် ပုံမှန်လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့သူတွေအတွက် အတော့ကို သတိထားရပါတယ်။ မိမိကိုယ်ကိုယ် သံသယ မကင်းဖြစ်လာတဲ့အချိန်မှာတော့ ဆရာဝန်၊ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတဦးဦးနဲ့ တိုင်ပင်ပြီး မိမိနဲ့ သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုနည်းလမ်းကို ရွေးချယ်သင့်ပါတယ်။

 

တခိျု့သူတွေ့တော့  ဗီဇကြောင့် ပိန်နေပေမယ့်လည်း သူတို့ရဲ့ ကိုယ်မှာအဆီတွေ စုနေတတ်ပြီး ခန္ဓာကိုယ် အချိုးအစားနဲ့ မလိုက်ဖက်အောင်ကို အဆီတွေ များနေတတ်ပါတယ်။ ဝနေတဲ့လူတစ်ယောက်ရဲ့ အသည်း၊ နှလုံးတွေမှာ အဆီတွေ စုနေသလိုပဲ ပိန်နေတဲ့သူတစ်ယောက်ရဲ့ အတွင်းအင်္ဂါတွေဆီမှာ အဆီဓါတ်တွေ စုပုံနေတတ်သလို သွေးထဲမှာလည်း သကြားဓါတ်တွေလည်း မြင့်တက်နေတတ်ပါတယ်။ အဲဒီလိုမျိုး ပိန်တဲ့သူတွေဟာ ကိုယ်လက်လှုပ်ရှားမှု နည်းနေမယ်ဆိုရင် အဆီတွေ စုဆည်းနေတတ်ပါတယ်။ အစားအသောက်ကို ထိန်းပြီး ပိန်နေတဲ့သူတွေဟာ လှုပ်ရှားမှု သိပ်မလုပ်ဖြစ်ခဲ့ရင်လည်း သူတို့ရဲ့ အတွင်းအင်္ဂါတွေမှာ အဆီဓါတ်တွေ မြင့်တက်နေတတ်ပါတယ။်

 

 

(ခ) အစားအသောက်

ကိုယ်လက်လှုပ်ရှားမှု လုပ်သလိုပါပဲ။ ကိုယ်တွင်း အင်္ဂါတွေဆီမှာရှိတဲ့ အဆီတွေကို ဖယ်ပေးနိုင်မယ့် အစားအသောက်တွေဆိုပြီးတော့ သီးသန့်ရှိမနေပါဘူး။ ဒါပေမယ့် လူတစ်ယောက် ကိုယ်အလေးချိန်ကျတာနဲ့ ဗိုက်က အဆီတွေဟာ အလျင်မြန်ဆုံးနဲ့ ပထမဆုံး လျော့နည်းသွားတာကြောင့် အစားအသောက်ကိုပါ ဂရုစိုက်ရပါလိမ့်မယ်။ အစားအသောက်ကို ဂရုစိုက်ရွေးချယ်တယ်ဆိုတဲ့နေရာမှာ လုံးဝကြီး အစားလျော့စားဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ စားမယ့်အစားအစားမှာ ကျွန်မတို့ အတွက် သင့်လျော်တာမျိုးကို ထည့်သွင်းကြည့်ဖို့ပါ။ လူတစ်ယောက်ဟာ ဗိုက်ထဲက အဆီချဖို့အတွက် အစာငတ်ခံနေစရာမလိုပါဘူး။ သူဟာ နံနက်စာကို ပုံမှန် စားပေးသင့်သလို နံနက်စာကို ပုံမှန် စားပေးသင့်သလို အမျှင်ဓါတ်ကိုလည်း ရွေးချယ်ဖို့ပါ။ သူ့စားလိုက်အစားထဲမှာ အမျှင်ဓါတ်တွေ များလေ၊ အဆီတွေ စုဆောင်းမှုက နည်းလေလေပါပဲ။ နံနက်ခင်းမှာ လတ်ဆတ်တဲ့ အသီးတွေ၊ ဥတွေကို စားပေးပြီး အချိုများလွန်းတဲ့ ကိတ်၊ ဝေဖာ၊ ပေါင်မုန့်မီးကင်တို့ကိုတော့ လျော့စားစေချင်ပါတယ်။

 

(ဂ) အိပ်စက်မှု

လူတစ်ယောက်ရဲ့  အိပ်ချိန်နည်းတာ၊ များတာဟာ သူ့ရဲ့ ကိုယ်တွင်းမှာ အဆီတွေ စုတာနဲ့လည်း ဆက်စပ်နေပါတယ်။ အိပ်စက်ချိန် မမှန်မှုကြောင့် ၅ နှစ် ပိုပြီးတော့ မြန်မြန်စုနိုင်ပါတယ်။ တနေ့ကို ၅ နာရီလောက်တောင် မရှိတာ၊ ၈နာရီထက်ပိုပြီးတော့ အိပ်စက်တဲ့သူတွေဟာ တနေ့ကို ၆-၇ နာရီ အိပ်စက်တဲ့သူတွေထက် အဆီပိုပြီးတော့ စုနေနိုင်ပါတယ်။  ဒါကြောင့် ဝမ်းဗိုက်မှာ စုနေတတ်တဲ့ အဆီတွေကို ဖယ်ချင်တယ်ဆိုရင် ကျွန်မတို့ဟာ အိပ်ချိန်ကို စနစ်တကျ ထားပေးရပါလိမ့်မယ်။ ကျွန်မတို့ နှစ်ခြိုက်စွာ အိပ်ပျော်တာကို အနှောင့်အယှက်ပြုနိုင်မယ့် ဆူညံသံတွေ၊ အလင်းရောင်စူးစူးတွေကို လျော့ပါးအောင် လုပ်နိုင်ခြင်းကလည်း ကျွန်မတို့ဗိုက်ထဲက အဆီတွေကို လျော့ချလိုက်ခြင်းပါပဲ။

 

(ဃ) စိတ်ဖိစီးမှု

ကျွန်မတို့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ စုဆောင်းနေတတ်တဲ့ အဆီတွေကို ဖယ်ရှားပစ်ဖို့အတွက်ဆိုရင် စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း မေ့လျော့ထားလို့ မရပါဘူး။ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုတွေ၊ လူမှုပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ စိတ်ဖိစီးမှုတွေဟာ ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုပုံလာအောင် တွန်းအားပေးနေကြပါတယ်။ ကွာရှင်းပြတ်ဆဲ ထားတဲ့ အမျိုးသမီးတွေ၊ လုပ်ငန်းတွင်းဆုံးရှုံးနစ်နာမှုကို ကြုံတွေ့နေရတဲ့ အမျိုးသားတွေဟာ တခြားသူတွေထက် အတွင်း အင်္ဂါတွေမှာ အဆီတွေ စုဆောင်းနေတတ်ပါတယ်။

 

လူတစ်ယောက်ဟာ သူနဲ့ ဆက်စပ်မှုရှိနေတဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် သက်ရောက်လာတဲ့ အကြောင်းအရာအတွေကို တုံ့ပြန်နိုင်မှုကတော့ ကွာခြားသွားနိုင်ပါတယ်။ စိတ်တည်ငြိမ်ဖို့ တရားထိုင်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ မိမိချစ်ခင်တဲ့သူတွေနဲ့ အတူတကွ တွေ့ဆုံတဲ့အခါမှာ စိတ်ဖိစီးမှုတွေဟာ လျော့နည်းသွားပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အတူတကွ နေရတဲ့အချိန်မှာ စိတ်ဖိစီးမှု ဟော်မုန်းတွေဟာ လျော့နည်းနေပါတယ်။  ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာကတော့ အဆီတွေကို လျော့ကျစေသလို စိတ်ဖိစီးမှုကိုပါ လျော့ကျနိုင်ပါတယ်။

 

ပိန်တဲ့သူတွေရဲ့ အတွင်းအင်္ဂါတွေမှာလည်း အဆီတွေစုတတ်တယ်ဆိုတာကို ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ တချို့သူတွေဟာ ဗီဇကြောင့် ပိန်နေပေမယ့်လည်း သူတို့ရဲ့ ကိုယ်အတွင်းပိုင်းမှာ ခန္ဓာ ကိုယ်အချိုးအစားနဲ့ မလိုက်ဖက်အောင်ကို အဆီတွေ စုနေတတ်ပါတယ်။ ဝနေတဲ့လူတစ်ယောက်ရဲ့ အသည်း၊ နှလုံးတွေမှာ အဆီတွေ စုနေသလိုပဲ ပိန်နေတဲ့သူတစ်ယောက်ရဲ့ အတွင်းအင်္ဂါတွေဆီမှာ အဆီဓါတ်တွေ စုပုံနေတတ်ပါတယ်။ သူတို့ဟာ ကိုယ်လက်လှုပ်ရှားမှု နည်းတာကြောင့် သွေးထဲမှာလည်း သကြားဓါတ်တွေလည်း မြင့်တက်နေတတ်ပါတယ်။ အစားအသောက်ကို ထိန်းပြီး ပိန်နေတဲ့သူတွေဟာ လှုပ်ရှားမှု သိပ်မလုပ်တာကြောင့် အတွင်းအင်္ဂါတွေမှာ အဆီဓါတ်တွေ မြင့်တက်နေနိုင်တယ်ဆိုတဲ့ အချက်ကို တော့ ကျွန်မတို့ လျစ်လျစ်ရှု့မထားသင့်ပါဘူး။

 

ကျွန်မတို့ ဝမ်းဗိုက်မှာ လာစုနေတဲ့ အဆီတွေကို လျော့ချတယ်ဆိုတာဟာ အလှအပ သက်သက် အတွက်ပဲ မဟုတ်ပါဘူး။ သူတို့ လာ မစုအောင် ဟန့်တားနိုင်တာ၊ စုပြီးသားကို လျော့ကျအောင် လုပ်ဆောင်နိုင်တာတွေဟာ ကျွန်မတို့ကိုယ်ကို ကျန်းမာအောင် ပြုစု လိုက်ခြင်းပါပဲ။ သူတို့မရှိတော့တာကြောင့် နောက်ဆက်တွယ်ဖြစ်ပေါ်လာမယ့် ကျန်းမာရေးချို့တဲ့မှုတွေကို ပါ ရှောင်ရှား လိုက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အသက်ရှည်ရှည် နေစေချင်ရင် ကျွန်မတို့ခါးအချိုးကို ပုံမှန်တိုင်းပေးပြီး တိုးလာမယ့် အဆီတွေကို မျက်ခြေမပြတ်ကြည့်ရှု့သင့်ပါတယ်။

 

နှင်းနုလွင် (ဆေးဝါး)

အာရောဂျံ မဂ္ဂဇင်း

 
   
Today, there have been 56 visitors (62 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free