|
|
|
health4everyone
- မျက်စေ့ညောင်းခြင်းကို သဘာဝနည်းအရ ဖြေလေ&
|
|
|
|
|
|
|
မျက်လုံးဖြင့် ဆက်တိုက်အလုပ် လုပ်ရခြင်းကြောင့် မျက်လုံးကို အနားပေးသင့်သည်။ မျက်လုံးညောင်းကိုက် လာသောအခါ မျိုးတွင် အခန်းမီးများ ပိတ်ခြင်း၊ နေရောင်တိုက်ရိုက် ကြည့် ခြင်းကို ရှောင်ကြဉ်ခြင်း၊ ကွန်ပျူတာ ကို ဆက်တိုက်ကြည့်ခြင်းတို့ကို ရပ် ပစ်ရပါမည်။သဘာဝအားဖြင့် မျက် လုံးကိုအညောင်းဖြေနည်းများကို ဖော်ပြရလျှင်
(၁) အနီးရှိ ရုပ်ပုံကားတစ်ခုကို ကြည့်လိုက် အဝေးမှရှုခင်းတစ်ခုကို ကြည့်လိုက်ဖြင့် မျက်လုံးကြွက်သား များကို ဖြေလျော့ပါ။ တစ်ခေါက်လျှင် (၅)ကြိမ်ပြုလုပ်ပြီး။ နောက်ထပ် (၁)ကြိမ်ထပ်လုပ်ပါ။
(၂) မိမိ၏ ရှေ့သို့လက်ကိုဆန့်ပါ။ လက်ညှိုးတစ်ချောင်းထောင်ပြီး မိမိ လက်ညှိုးကို စိုက်ကြည့်ပါ။ ထို့နောက် မျက်စေ့ကိုပိတ်ပါ။
(၃) မိမိအခန်းတွင်း၌ မီးကိုမှိန်ထားပြီး နာရီဝက်ခန့် စိတ်ကိုဖြေလျော့ပြီး နေပါ။ ခန္ဓာကိုယ်ကိုလည်း ဖြေလျော့ ထားပါ။မျက်လုံးကိုမပွတ်မိပါစေနှင့်။
(၄) ခေါင်းကိုလက်(၁၀)ချောင်းနှင့် အပေါ် ဖက်သို့ကုတ်ပါ။
(၅) ၁၀မိနစ် ၁၅မိနစ်ခန့် တမှေးအိပ် လိုက်ပါ။ နိုးလာလျှင် လန်းသွားပါ လိမ့်မည်။
HT
Health Updates Journal
Vol.2, No.17
|
|
|
|
|
|
|