health4everyone - ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျာ
   
  မူလစာမျက်နှာ
  အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ
  ဆက်သွယ်ရန်
  ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံးများ
  ဥာဏ်ရည်ထက်မြက်စေမယ့် နည်းလမ်း (၅) သွယ်
  လေယာဉ်မှူးနှင့်အစားအစာ
  အခွံမာသီးကို စားသုံးပါက အသည်းရောဂါကိုေ
  အသည်းရောဂါ အတွက် သခွတ်ပြုတ်ဆေးရည်
  လက်သည်း အလှပြင်နည်း
  နေ့စဉ် ဆေးလိပ်အနည်းငယ် သောက်ခြင်းကြောင&
  ဂျင်း၏ အကျိုးထူး(၁၀)ဖြာ
  ပီကေ၏ အန္တရာယ်
  ဦးနှောက်ထိခိုက်စေနိုင်သော အလေ့အကျင့်&#
  ကင်ဆာရောဂါနှင့် သင်္ဘောရွက်
  ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျာ
  ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းန&
  ပိုးဟပ်ရှင်းလင်းရေး
  ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိ&
  ကြွက်ဖမ်းပညာ
  ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျ& 42
  လေအေးပေးစက်က လူကိုဝစေ
  ဖရဲသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ
  ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ
  စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သေ&#
  အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာမျ
  ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ
  သွားကိုက်ခြင်းအတွက် အိမ်တွင်းကုထုံးမျ&#
  နှာချေခြင်းအကြောင်းသိကောင်းစရာ
  တစ်နေ့ရေဘယ်နှစ်ခွက်သောက်ရမလဲ
  စပျစ်သီး၏ အသုံးဝင်ပုံ
  ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျ&
  သိထားသင့်သော အသက်ကယ်မည့် နည်းလမ်းများ
  သိမှတ်ဖွယ်ရာ သင့်ခန္ဓာ
  ကြောင်အများစုဟာ နွားနို့နဲ့မတည့်
  ဂွေးသီး၏ ကျန်းမာရေးစွမ်းပကား
  မှိုစားပြီးဝိတ်ချပါ
  နှာရည်ယိုစေတဲ့အစားအစာ
  သခွားသီးအကြောင်းသိကောင်းစရာ
  ရေသောက်ခြင်းနှင့် ကိုယ်ခန္ဓာအပူချိန်
  မျက်စေ့ညောင်းခြင်းကို သဘာဝနည်းအရ ဖြေလေ&
  အိပ်ရေး၀၀ အိပ်နိုင်အောင်
  စပျစ်သီးအနီနှင့် စပျစ်သီးအစိမ်းခြားနာ&#
  အားလုံးကြိုက်တဲ့ကော်ဖီ
  ငှက်ပျောသီးအကြောင်းသိကောင်းစရာ
  ဦးနှောက်နှင့် နာကျင်မှုဝေဒနာ
  အရက်ကလူကိုအကျိုးပြုသလား
  ကုလားအုတ်နို့ဟာ နွားနို့ထက်သံဓာတ် ၁၀ ဆ ပ
  လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ
  လေလည်ခြင်းအကြောင်းသိကောင်းစရာ
  ခြေထောက်နာခြင်းနှင့် အစားအစာများ
  စိတ်ကျရောဂါကို ဖြေရှင်းဖို့အတွက်
  တာရှည်ဆေးသောက်ရတဲ့အခါ
  ဗိုက်ထဲက အဆီ
  မေမေ့ကို ဝမ်းမှန်စေချင်ပါသည်
  Calcium
  Zinc
  ကိုယ်အလေးချိန် လျော့ကျလိုသူတိုင်း ကိုယ&
  ဝမ်းဗိုက်ချပ်ရပ်လိုသူတိုင်း ဆောင်သင့်&#
  နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည် 441
  နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်
  ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစား
  ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစား&
  ပိန်ချင်ရင် သရက်သီးအခွံစားပါ
ယောက်ျားဆိုတာ ကျားကျားလျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင်တင့်တယ်စေမှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ မိန်းမဆန်တဲ့ယောက်ျားတွေ မြင်တွေ့လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာတစ်ရပ် မဟုတ်ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ် အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ တစ်ခါကပြောဖူးတာက “ကာယလေ့ကျင့်ခန်းတွေဟာ တခြားအားကစားနည်းတွေထက် အသက်ကြီးလာရင် လူကိုပိုအကျိုးရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့လို့ပဲ ဖြစ်တယ်” လို့ပြောဖူးတယ်။

ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း

မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာမိန်းမတို့ရဲ့ခိုဝင်မှေးစက်ရာ နေရာဖြစ်သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုးယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့နေရာလည်း ဖြစ်တယ်။ ရင်အုံကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။

၁။ဝိတ်မတဲ့နည်း(Bench Press)
၂။ဒိုက်ထိုးတဲ့ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up)
၃။ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။

ဝိတ်မတဲ့နည်း

ဒီနည်းဟာရင်အုံကြွက်သားလေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး လေ့ကျင့်ခန်းပဲဖြစ်တယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အခါမှာ ကိုယ်ချည်းသက်သက်တစ်ယောက်တည်း လုပ်ဆောင်တာထက် ဘေးနားမှာ ဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ အကူတစ်ယောက်ပဲဖြစ်ဖြစ် ဝိုင်းကူပေးဖို့လိုတယ်။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေအများကြီး အလုပ်ပေးရတာဖြစ်တဲ့ အတွက် တက်တာအမြန်ဆုံးနဲ့အကောင်းဆုံးလို့ ဆိုရတာဖြစ်တယ်။

ဒိုက်ထိုးနည်း

အားကစားရုံသွားပြီး မလေ့ကျင့်နိုင်တဲ့ညီငယ်များအတွက် ကိရိယာလွတ်လေ့ကျင့်နည်းပဲဖြစ်တယ်။ V-Shape ပုံသဏ္ဍာန် ဖြစ်ချင်ရင် လက်ကိုကျယ်ကျယ်လေးထားပြီး ဒိုက်ထိုးပေးပါ။ ခြေထောက်ကိုအမြင့်ပေါ်မှာထားပြီး ထိုးရင်ပိုတက်မြန် ပါတယ်။ ဒါပေမယ့် အရင်ဆုံးစတင်လေ့ကျင့်မယ့်သူတွေ အတွက်ကတော့ ရေပြင်ညီအနေအထားနဲ့ စတင်လေ့ကျင့် သင့်ပါတယ်။ တစ်ပတ်လောက်နေမှ အကြိမ်ရေနဲ့ ပုံစံပြောင်းပြီးထိုးသင့်ပါတယ်။ တစ်တောင်လောက်အမြင့်မှာ ခြေတင်ပြီးထိုးပေးပါ။ သုံးပတ်လောက်ပုံမှန်ထိုးလိုက်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် အချိန်မှန်ရမယ်။ အကြိမ်ရေမှန်ရမယ်။ လုပ်နည်းမှန်ရမယ်။ အဲဒါတော့ မမှန်မဖြစ်မှန်ဖို့လိုတယ်။ ဒါမှမြန်မြန်နဲ့ အချိုးအစားကျကျ ကြွက်သားတွေ တက်လာမှာဖြစ်တယ်။

ကြိုးဆွဲလေ့ကျင့်နည်း


နောက်တစ်နည်းက Cable Machine ကိုသုံးပြီးလေ့ကျင့်ရတာ ဖြစ်တယ်။ မတ်တပ်ရပ်လေ့ကျင့်နိုင်သလို ထိုင်လျက်လည်းလေ့ကျင့်နိုင်ပါတယ်။ အဖော်အကူရှိဖို့ မလိုပါဘူး။

အစားအသောက်

ကာယလေ့ကျင့်ခန်းတွေလုပ်လို့ရှိရင် အစားအသောက်ကို ဂရုစိုက်နဲ့ စားသုံးပေးရပါမယ်။ အဆီနည်းတဲ့အသားတွေ ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ စားပေးရပါမယ်။ များများစားပေးဖို့ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် ကြွက်သားတွေတက်ဖို့အတွက် မှန်ကန်သင့်လျော်တဲ့အစားအစာတွေပဲ စားသုံးပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေရရှိရင် ကြွက်သားတွေဟာ အမြန်တက်လာမှာဖြစ်တယ်။

အအိပ်အနေ

စားတာသောက်တာအရေးကြီးသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်အနားယူဖို့လည်း လိုအပ်လှပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့အခါမှာပေါ့။ နည်းစနစ်တကျနဲ့ အိပ်စက်တတ်ဖို့လိုသလိုလိုအပ်တဲ့ အိပ်ချိန်ပမာဏအိပ်စက်ပေးဖို့လည်း လိုအပ်ပါတယ်။ အနည်းဆုံး၇နာရီ အိပ်စက်အနားယူပေးဖို့ လိုပါတယ်။ သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းမှာ အိပ်စက်ပေး ရပါမယ်။ မအိပ်ခင်မှာ ညစ်ညမ်းကား၊ စာအုပ်၊ ကာတွန်းတွေ မဖတ်ပါနဲ့။

ထပ်တိုးလေ့ကျင့်ခန်းများ

ကာယလေ့ကျင့်ခန်းတွေမလုပ်ဆောင်ခင်မှာ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်တစ်ခုက ရေကူးတာတို့ကိုယ်ရဲ့ Program ထဲမှာ ထည့်သွင်းလုပ်ဆောင်ပေးပါ။ အသေအချာသိထားရမယ့် အချက်တစ်ခုကတော့ ရင်အုံဆိုတာ မိန်းမတွေကို ဆွဲဆောင်နိုင်ဆုံးနေရာဖြစ်ပေမယ့် သိပ်ကြီးပြီး မိန်းမရင်အုံလိုဖြစ်နေရင် မိန်းမတွေအတွက် ရင်ခုန်စရာမဖြစ်ပဲ စိတ်ကုန်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရင်အုံကျယ်အောင်နဲ့ ကြီးအောင်လုပ်ဖို့ ပဲလိုပါတယ်။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to စိတ်ကူးပျော်ရာ

News of Myanmar
   
Today, there have been 2 visitors (3 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free